မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ သင်ကြားရေးတိရစ္ဆာန်ကုဆေးရုံကို ဖွဲ့စည်းပုံအရ ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများ အတွက် စာတွေ့နှင့် လက်တွေ့ဆေးကုသခြင်းများနှင့် လက်တွေ့ခွဲစိတ်ကုသခြင်းများကို ထိရောက်စွာ သင်ကြားလေ့ကျင့်ပေးသော နေရာဌာနဖြစ်ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန် အားလုံး မိမိတို့ပညာကို ကောင်းစွာအသုံးချပြီး အမိတက္ကသိုလ်ဂုဏ်ကို ဆောင်နိုင်သော၊ မိမိတိုင်းပြည်အတွက် အားကိုးအားထားရသော စံပြပုဂ္ဂိုလ်များဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။